COVID-19 ကာကွယ်ရေး လိုအပ်ပါက နိုင်ငံတော် အရေးပေါ်ရန်ပုံငွေသုံးပြီး တစ်ယောက်တောင် မကူးအောင် ကြိုးစားမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဆို
COVID-19 ကာကွယ်ရေးအတွက် လက်ရှိမှာ ကျန်းမာရေးဘက်ဂျက်ဖြင့်သာ သုံးစွဲနေပြီး နိုင်ငံတော်ရဲ့ အရေးပေါ်ရန်ပုံငွေလည်း ရှိထားပြီဖြစ်ရာ တစ်နိုင်ငံလုံးအတိုင်းအတာအထိ မရောက်အောင် အနည်းဆုံး တစ်ယောက်တောင် ကူးစက်မှုမခံရအောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။