ရန်ကုန်တိုင်းအတွင်း တရားဝင်အကြောင်းကြား၍ စက်ရုံ ၁၃ ရုံ ပိတ်သိမ်းခဲ့ပြီး လုပ်သား ၅၇၀၀ ကျော် အလုပ်နားထား
ကုန်ကြမ်းပြတ်လပ်မှု၊အရှုံးပေါ်မှုနဲ့ မြေဆက်လက်ငှားရမ်းခြင်းမပြုနိုင်တော့တဲ့အတွက်တရားဝင်အကြောင်းကြားစာပေးပို့ပြီး ပိတ်သိမ်းလိုက်တဲ့ စက်ရုံဟာ မတ်လ ၆ ရက်နေ့အထိ ၁၃ ရုံ ရှိပြီး လုပ်သား ၅၇၀၀ ကျော် အလုပ်နားထားရတာဖြစ်တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ရဲ့ ပြောကြားချက် အရသိရပါတယ်။
■ (Zawgyi ဖြင့် ဖတ်ရန်)