ဧရာဝတီတိုင်းအတွင်း သိမ်းဆည်းခံ လယ်ယာများထဲမှ ၂၉၆၅ ဧကအား တောင်သူများထံ ပြန်ပေး

ဧရာဝတီတိုင်းအတွင်း သိမ်းဆည်းခံ လယ်ယာများထဲမှ ၂၉၆၅ ဧကအား တောင်သူများထံ ပြန်ပေး
Published 3 March 2020

 

ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာမှာ မတ်လ ၂ ရက်က ဧရာဝတီတိုင်းဒေသကြီးအဆင့် တောင်သူလယ်သမားနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံ လယ်ယာမြေများအနက် တောင်သူ ၆၃၉ ဦး ပိုင် လယ်ယာမြေဧက၂၉၆၅ ဧကကို မူလပိုင်ရှင် တောင်သူများထံ ပြန်လည်ပေးအပ်ပွဲ ပြုလုပ်ခဲ့ပါတယ်။