ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲများကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရပြီး စာမေးပွဲစစ်ရန် အခက်အခဲရှိနေဟု သိရ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအချို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရပြီး စာမေးပွဲကျင်းပတဲ့ ကာလတွေမှာ စစ်ဆေးမှုအတွက် အခက်အခဲတွေ ရှိနေပေမယ့်လည်း မူလတန်းအဆင့် စာမေးပွဲစစ်ဆေးမှုကို ပြုလုပ်နေတယ်လို့ ဘူးသီးတောင်မြို့နယ် မူလတန်းလွန် ရွာမကျောင်းရဲ့ မူလတန်းကျောင်းအုပ် ဦးသိန်းလှိုင်က ပြောပါတယ်။