ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မြန်မှုအတွက် တောင်ကိုရီးယား ခရစ်ယာန်အသင်းခေါင်းဆောင် လူထုကို တောင်းပန်
တောင်ကိုရီးယားရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အချိန်တိုအတွင်း မြင့်တက်လာမှုမှာ အဓိက ပတ်သက်နေတဲ့ ခရစ်ယာန်အသင်းတော်တစ်ခုရဲ့ ခေါင်းဆောင်က မတ်လ ၂ ရက်မှာ ပြည်သူတွေကို တောင်းပန်လိုက်ပြီး အစိုးရရဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေမှာ အပြည့်အ၀ ပူးပေါင်းသွားပါတော့မယ်လို့ ကတိပေးလိုက်ပါတယ်။