အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားကိုသာမကြည့်ဘဲ နိုင်ငံသားတွေအကျိုးကို ရှေးရှုပြီး ဖွဲ့စည်းပုံ ပြင်ဆင်ပေးရန် လွှတ်တော်ကိုယ်စားလှယ်အချို့ တိုက်တွန်း
ဖွဲ့စည်းပုံဆွေးနွေးမှု (၄ရက်မြောက်နေ့) ကို ဖေဖော်ဝါရီ ၂၈ ရက်က ဆက်လက်ပြုလုပ်ရာ ပြင်ဆင်ရေး အဆိုပြုချက်တွေကို NLD၊ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်တို့ အပြန်အလှန် ကန့်ကွက်နေကြဆဲဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့ကတော့ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီးပွားကို မကြည့်ဘဲ နိုင်ငံသားတွေအကျိုးကို ရှေးရှုကာ ဖွဲ့စည်းပုံပြင်ဆင်ဖို့ တိုက်တွန်းပါတယ်။