■ နာယကအနေနဲ့ စီမံခန့်ခွဲရေးအရ အရေးယူလို့ရသလို သိပ်လွန်လာရင် ဥပဒေအရ တရားစွဲဆိုတဲ့အဆင့်အထိ အရေးယူနိုင်တဲ့အနေအထားမျိုး ရှိပါတယ်။
ဦးတီခွန်မြတ် (ပြည်ထောင်စုလွှတ်တော်နာယက)
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးတွင် လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများနှင့်ပါတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က သတိပေးခဲ့သည်များကို ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။
(Zawgyi ဖြင့်ဖတ်ရန်)