အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် AA ခေါင်းဆောင်၏ ညီမနှင့် ယောက်ဖဖြစ်သူတို့ အမှု၌ တရားလို အပါအဝင် (၂) ဦး အား စစ်ဆေး
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးခံထားရတဲ့ AA ခေါင်းဆောင်ရဲ့ ညီမနဲ့ ယောက်ဖဖြစ်သူတို့ရဲ့ အမှုတွင် တရားလို အပါအဝင် (၂) ဦး အား စစ်ဆေးခဲ့ပါတယ်။ဖေဖော်ဝါရီလ (၂၇) ရက်တွင် အမှုမှ ဖမ်းဆီးခံထားရတဲ့ AA ခေါင်းဆောင်ရဲ့ ညီမ မယမင်းမြတ်နဲ့ ကိုကျော်နိုင် ကို အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။