ရခိုင်အရေးကိစ္စများနှင့် ICJ ကိစ္စများတွင် ကာ/လုံနှင့် ညှိနှိုင်းသင့်ခဲ့ဟု တပ်မတော်သားကိုယ်စားလှယ် ဆို

ရခိုင်အရေးကိစ္စများနှင့် ICJ ကိစ္စများတွင် ကာ/လုံနှင့် ညှိနှိုင်းသင့်ခဲ့ဟု တပ်မတော်သားကိုယ်စားလှယ် ဆို
Published 27 February 2020

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးရာမှာ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမိုးမြင့်အောင်က အစိုးရအနေနဲ့ ရခိုင်အရေးကိစ္စတွေနဲ့ ICJ ကိစ္စများမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းခဲ့မှုမလုပ်ဘူးလို့ ဝေဖန်ခဲ့သလို ကာ/လုံ အစည်းအဝေး ကိုလည်း ပုံမှန် နှစ်လတစ်ကြိမ်ခေါ်သင့်တယ်လို့ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ကာ/လုံ မှာတော့ အစိုးရဘက်က နိုင်ငံတော်သမ္မတအပါအဝင် ကိုယ်စားပြု ၅ ဦးနဲ့ တပ်မတော်ဘက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် ကိုယ်စားပြု ၆ ဦး ပါဝင်တာဖြစ်ပါတယ်။ ဒုဗိုလ်မှူးကြီး မိုးမြင့်အောင်ရဲ့ဆွေးနွေးချက်အချို့ကို NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ကန့်ကွက်မှုတစ်ချို့လည်း လုပ်ခဲ့ပါတယ်။