၂၀၁၉-၂၀၂၀ ဖြည့်စွက်ဘတ်ဂျက်တွင် ရန်ကုန်စည်ပင်၏ လုပ်ငန်းတာဝန်ခံအဖွဲ့ နှစ်ခုက တင်ပြသည့် စီမံကိန်းအချို့သည် မှားယွင်းမှုများ ရှိနေ၍ ကြပ်မတ်သင့်ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ပြောကြား
၂၀၁၉-၂၀၂၀ ဖြည့်စွက်ဘတ်ဂျက်မှာ ရန်ကုန်စည်ပင် လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့နဲ့ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့တွေက တင်ပြတဲ့ စီမံကိန်းအချို့ဟာ မှားယွင်းမှုတွေ ရှိနေတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ကြပ်မတ်သင့်တယ်လို့ ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားခဲ့ပါတယ်။