စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေများအပေါ် အခွန်ပေးဆောင်သူ ရာခိုင်နှုန်း နှစ်ဆခွဲကျော် တက်လာဟု စီမံ/ဘဏ္ဍာဒုဝန်ကြီး ပြောကြား

စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေများအပေါ် အခွန်ပေးဆောင်သူ ရာခိုင်နှုန်း နှစ်ဆခွဲကျော် တက်လာဟု စီမံ/ဘဏ္ဍာဒုဝန်ကြီး ပြောကြား
Published 25 February 2020

၂၀၁၉-၂၀ ဘဏ္ဍာနှစ် အောက်တိုဘာကနေ ဒီဇင်ဘာအထိ ပထမ သုံးလအတွင်း စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်မှာ အခွန်ထမ်းဦးရေဟာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အလားတူ သုံးလကာလနဲ့ နှိုင်းယှဉ်ပါက နှစ်ဆခွဲကျော်၊ ရာခိုင်နှုန်းအားဖြင့် ၂၅၈ ရာခိုင်နှုန်းကျော် တိုးတက်လာတာကို တွေ့ရတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။