ရန်ကုန်ဖြည့်စွက်ဘတ်ဂျက်တင်ပြရာတွင် ဝန်ကြီးဌာနချင်းညှိနှိုင်းမှုမရှိခြင်းကြောင့် ဘတ်ဂျက်ဖောင်းပွခဲ့ရဟု ပြည်သူ့ငွေစာရင်းကော်မတီဆို
ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၁၉-၂၀၂၀ ဖြည့်စွက်ဘတ်ဂျက်တင်ပြရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ညှိနှိုင်းဆောင်ရွက်မှုမရှိတာကြောင့် ဘတ်ဂျက်ဖောင်းပွမှုဖြစ်ပေါ်ခဲ့ပြီး လိုငွေကျပ် ၇၅ ဘီလျံအထိ ပေါ်ပေါက်ခဲ့တဲ့ အတွက် ရန်ကုန်တိုင်းလွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီက စိစစ်လျှော့ချခဲ့ရတယ်လို့ ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က ဆိုပါတယ်။