မိုင်းခတ်မြို့နယ်ရှိ အဲန်တိုင်းရင်းသားများ၏ ကျေးရွာတွင် အိမ် ၇၀ ကျော်တွင်အိမ် ၆၀ မီးလောင်ပျက်စီးခဲ့ရသဖြင့် အလှူရှင်များလိုအပ်နေ

မိုင်းခတ်မြို့နယ်ရှိ အဲန်တိုင်းရင်းသားများ၏ ကျေးရွာတွင် အိမ် ၇၀ ကျော်တွင်အိမ် ၆၀ မီးလောင်ပျက်စီးခဲ့ရသဖြင့် အလှူရှင်များလိုအပ်နေ
Published 22 February 2020

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ အင်ဝမ်မတ်ကျေးရွာရှိ အဲန်တိုင်းရင်းသားတွေရဲ့ ကျေးရွာမှာ ဖေဖော်ဝါရီ ၁၂ ရက်က ရွာလုံးကျွတ် နီးပါး မီးလောင်ပျက်စီးခဲ့ရတာကြောင့် အလှူရှင်များလိုအပ်နေတယ်လို့ မိုင်းခတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးအားမဲ က ပြောပါတယ်။