၂၀၂၀ ရွေးကောက်ပွဲကို  လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြောကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဆို

၂၀၂၀ ရွေးကောက်ပွဲကို  လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြောကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဆို
Published 22 February 2020

 

လက်ရှိ အစိုးရအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အလေးထား ဆောင်ရွက်နေပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုလည်း အဲ့ဒီလိုဆောင်ရွက်ရန် ပြောဆိုထားကြောင်းနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုင်းရင်းသားဒေသများသို့ သွားနေခြင်းဟာလည်း နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီဥက္ကဋ္ဌအဖြစ်သာ သွားနေခြင်း ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။