စီမံကိန်းရပ်ဆိုင်းထားသည့် မြင်းခြံသံမဏိစက်ရုံစီမံကိန်းအကြွေးအတွက် တရုတ် CDB ဘဏ်သို့ နေ့စဉ် ကျပ် သိန်းငါး ထောင်နီးပါး အတိုးအရင်းပေးဆပ်နေရ (ရုပ်သံ)
စီမံကိန်း ရပ်ဆိုင်းထားပေမယ့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းနဲ့ပတ်သက်လို့ တရုတ်နိုင်ငံ China Development Bank (CDB) မှ ချေးယူထားသော ယူရို ၁၁၁၇ သန်းအတွက် နေ့စဉ် အတိုးအရင်း ငွေကျပ် သိန်းငါးထောင်နီးပါး ပေးဆပ်နေ ရတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်၊ လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည် အောင်က ပြောကြားခဲ့ပါတယ်။