တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ရုံးချိန်တွင် တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဟောင်းနှင့် ပြန်ခေါ်သက်သေ နှစ်ဦးကို စစ်ဆေး
အဂတိလိုက်စားမှုဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့ကို ဖေဖော်ဝါရီ ၁၈ ရက်က တနသာင်္ရီတိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ ၄၇ ကြိမ်မြောက်အဖြစ် ရုံးထုတ်ခဲ့ပြီး ပြန်ခေါ်သက်သေအဖြစ် တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဟောင်း အပါအဝင် ပြန်ခေါ်သက်သေ သုံးဦးတို့ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။