ကုမ္ပဏီတစ်ခုအား ကျပ် ၂၃ ဘီလီယံ တန်ဖိုးရှိ ကိုးဧကကျော် မြေငှားဂရန် ထုတ်ပေးထားခြင်းမှာ သမ္မတဦးသိန်းစိန် လက်ထက်တွင် ဖြစ်ခဲ့ဟုဆို
မန္တလေးတိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာမှာ ပါရှိတဲ့ ကုမ္ပဏီတစ်ခုကို ကျပ် ၂၃ ဘီလီယံ တန်ကြေးရှိ ၉ ဧကကျော် မြေငှားဂရန် ထုတ်ပေးထားခြင်းမှာ သမ္မတဦးသိန်းစိန် လက်ထက် အသွင်အကူးပြောင်း ကာလမှာ ဖြစ်ခဲ့ကြောင်း မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားခဲ့ပါတယ်။