အဂတိလိုက်စားမှုဥပဒေဖြင့် တရားစွဲခံထားရသူ ထိုင်းအလုပ်သမား သံအရာရှိဟောင်း၏ ရှေ့နေက အမှုများအား တပေါင်းတည်း စစ်ဆေးပေးပါရန် လျှောက်ထား
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ မှ ပုဒ်မ ၁၃ အထိ တရားစွဲဆိုခံနေရတဲ့အပေါ် အမှုတွေကို ခွဲခြားစစ်ဆေးခြင်းမပြုဘဲ တပေါင်းတည်း စစ်ဆေးပေးပါရန် ထိုင်းအလုပ်သမားသံအရာရှိဟောင်း ဦးဆန်းမောင်ဦးရဲ့ရှေ့နေ ဦးကျော်ကျော်အောင်က ဖေဖော်ဝါရီ ၁၈ ရက်ရုံးချိန်းမှာ တရားရုံးသို့ လျှောက်ထားခဲ့ပါတယ်။