အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများလမ်းပွင့်သွားပြီဟု RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်းဆို အစိုးရနဲ့ NCA လက်မှတ်ထိုး
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S-EAO)တို့ရဲ့ သုံးရက်တာဆွေးနွေးမှုအတွင်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပဖို့လမ်းပွင့်သွားပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက် အနိုင်ရတဲ့ အစည်းအဝေးဖြစ်ခဲ့တယ်လို့ NCA-S-EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်းကပြောပါတယ်။