တရုတ်ခရီးသွားများကို ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်ရယူပြီး လည်ပတ်ခွင့်ပေးရန်ကိစ္စအား မန္တလေး ဧည့်လမ်းညွန်အသင်း ကန့်ကွက်

တရုတ်ခရီးသွားများကို ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်ရယူပြီး လည်ပတ်ခွင့်ပေးရန်ကိစ္စအား မန္တလေး ဧည့်လမ်းညွန်အသင်း ကန့်ကွက်
Published 17 February 2020

 

ခရီးသွားအေဂျင်စီများအနေဖြင့် တရုတ်ခရီးသွားဧည်သည်များရဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်ရယူပြီး ဆက်လက် ဆောင်ရွက်သွားရန်  ထုတ်ပြန်မှုဟာ မြန်မာနိုင်ငံသား ၅၄ သန်းကျော်ရဲ့ အသက်အန္တရာယ်ထက် အရေးကြီးရန် အကြောင်းမရှိလို့ ယုံကြည်လို့ ကန့်ကွက်ရခြင်း ဖြစ်တယ်လို့ မန္တလေးတိုင်း ဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ဆိုပါတယ်။