မလတ်တောင်ပြိုကျသည့်နေရာမှ မြေများထပ်ပြိုလာနိုင်၍ ပြည်နယ်အစိုးရက ရှင်းလင်းဆောင်ရွက်ပေးရန် လွှတ်တော် ကိုယ်စားလှယ် တောင်းဆို
လူ ၇၃ ဦးထိ သေဆုံးခဲ့ရသော ပေါင်မြို့နယ် သဲဖြူကုန်းမလတ်တောင်ပြိုကျတဲ့နေရာမှ မြေများ ထပ်မံပြိုကျလာနိုင်၍ မွန်ပြည် နယ်အစိုးရက ကွင်းဆင်းလေ့လာပြီး အန္တရာယ်ကင်းအောင် ဆောင်ရွက်ပေးဖို့ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြည်နယ်လွှတ်တော်မှာ တင်ပြတောင်းဆိုခဲ့ပါတယ်။