ဝန်ထမ်းများအား ကားပါမစ်ပေးမည့်ကိစ္စကို ဆိုင်းငံ့ထားသော်လည်း ပေးရမည့်စာရင်း ကောက်နေပြီး သမ္မတရုံးက ဆက်လုပ်ရန် ညွှန်ကြားပါက ချက်ချင်းဆောင်ရွက်မည်ဟု စီးပွား/ကူးသန်း ဒုဝန်ကြီး ပြောကြား

ဝန်ထမ်းများအား ကားပါမစ်ပေးမည့်ကိစ္စကို ဆိုင်းငံ့ထားသော်လည်း ပေးရမည့်စာရင်း ကောက်နေပြီး သမ္မတရုံးက ဆက်လုပ်ရန် ညွှန်ကြားပါက ချက်ချင်းဆောင်ရွက်မည်ဟု စီးပွား/ကူးသန်း ဒုဝန်ကြီး ပြောကြား
Published 15 February 2020

 

ဝန်ထမ်းများအား ကားပါမစ် ချပေးမယ့်ကိစ္စနှင့် ပတ်သက်လို့ ကန့်ကွက်မှုများရှိတဲ့အတွက် ဆိုင်းငံ့ထားပေမယ့် မည်မျှပေးရမယ် ဆိုတဲ့စာရင်းကို ကောက်ယူနေပြီး နိုင်ငံတော်သမ္မတရုံးက ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားလာပါက ချက်ချင်း ဆောင်ရွက်မယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။