NCA မထိုးရသေးသည့်အဖွဲ့များ လက်မှတ်ထိုးရေးနှင့် တိုက်ပွဲများ ရပ်တန့်ရေးတို့တွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများက တတ်နိုင်သမျှကူညီရန် သမ္မတ ဦးဝင်းမြင့် မှာကြား

NCA မထိုးရသေးသည့်အဖွဲ့များ လက်မှတ်ထိုးရေးနှင့် တိုက်ပွဲများ ရပ်တန့်ရေးတို့တွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများက တတ်နိုင်သမျှကူညီရန် သမ္မတ ဦးဝင်းမြင့် မှာကြား
Published 12 February 2020

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ လက်မှတ်ရေးထိုးရေးနဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးတို့မှာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေက တတ်နိုင်သမျှ ကူညီပံ့ပိုးစေလိုတယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဖေဖော်ဝါရီလ ၁၁ ရက်က သမ္မတအိမ်တော်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေနဲ့ တွေ့ဆုံရာတွင် ပြောကြားခဲ့ပါတယ်။