ဝေဘာဂီဆေးရုံတွင် စောင့်ကြည့်နေသည့်တောင်ဒဂုံမြို့နယ်မှ အမျိုးသမီးကျန်းမာရေးကောင်းမွန်နေ (ရုပ်သံ)

ဝေဘာဂီဆေးရုံတွင် စောင့်ကြည့်နေသည့်တောင်ဒဂုံမြို့နယ်မှ အမျိုးသမီးကျန်းမာရေးကောင်းမွန်နေ (ရုပ်သံ)
Published 12 February 2020

 

စင်ကာပူနိုင်ငံမှာကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တာကြောင့် ဝေဘာဂီအထူးကုဆေးရုံမှာခွဲခြားစောင့်ကြည့်နေသောစင်ကာပူမှပြန်လာတဲ့ တောင်ဒဂုံမြို့နယ်မှ အမျိုးသမီးဟာဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းအချိန်ထိသိရတဲ့သတင်းအရကျန်းမာရေးအခြေအနေကောင်းမွန်နေပြီးသတင်းအမှားတွေကိုမယုံကြည်ကြဖို့ တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီကဒီနေ့ မွန်းလွဲ ၁ နာရီကျော်ကပြောပါတယ်။