တပို့တွဲလပြည့်နေ့တွင် မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား မီးပုံးထင်းပူဇော်ခြင်းနှင့် သံဃာအပါး ၁၁၀၀ အား သံဃာ့ ဒါနဆွမ်းလောင်းလှူပွဲ ပြုလုပ်
ယနေ့ ဖေဖော်ဝါရီ ၈ ရက် တပို့တွဲလပြည့် သြဝါဒါပါတိမောက်အခါတော်နေ့ မနက်အစောပိုင်းမှာ မန္တလေးမြို့ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား မျက်နှာတော်သစ်ပူဇော်ခြင်း၊ မီးပုံးထင်းပူဇော်ခြင်းများပြုလုပ်ခဲ့ပြီး သံဃာအပါး ၁၁၀၀ အားလည်း စာရေးတံမဲနဲ့တကွ သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲ ပြုလုပ်ခဲ့ပါတယ်။