တနင်္သာရီမြစ်အတွင်းမှ ရေချိုစုပ်ယူကာ မြိတ်မြို့အတွက်ရေပေးဝေမည့် စီမံကိန်းနှင့် ပတ်သက်ပြီး EIA လုပ်ငန်းစဉ်များ ကို ပြည်သူများထံ ရှင်းလင်း
အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ရင်းနှီးမြှုပ်နှံမယ့် တနင်္သာရီမြစ်အတွင်းမှရေချိုစပ်ယူပြီး မြိတ်မြို့အတွက် ရေပေးဝေမယ့် စီမံကိန်းနှင့်ပတ်သက်လို့ EIA လုပ်ငန်းစဉ်များအပေါ် အများပြည်သူထံ ရှင်းလင်းသဘောထားရယူခြင်းကို မြိတ်မြို့၊ ပုလဲရတနာ ခန်းမတွင် ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်ခဲ့ပြီး ရေအတွင်းဓာတ်သတ္တုပါဝင်များနှင့်ပတ်သက်ပြီး တာဝန်ရှိသူများက သတိပေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။