လေယာဉ်ဖြင့်ပါလာသည့် တရုတ်ဝူဟန်သံသယလူနာ အခြေအနေတည်ငြိမ်နေပြီး တရုတ်နိုင်ငံမှ လာသူများအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှု ခေတ္တဆိုင်းငံ့ထားရန် ညှိနှိုင်းနေဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဆို (ရုပ်သံ)

လေယာဉ်ဖြင့်ပါလာသည့် တရုတ်ဝူဟန်သံသယလူနာ အခြေအနေတည်ငြိမ်နေပြီး တရုတ်နိုင်ငံမှ လာသူများအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှု ခေတ္တဆိုင်းငံ့ထားရန် ညှိနှိုင်းနေဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဆို (ရုပ်သံ)
Published 1 February 2020

ဇန်နဝါရီ ၃၁ ရက်က ရန်ကုန်လေဆိပ်မှာ တရုတ်လေယာဉ်ဖြင့်လိုက်ပါလာတဲ့ ဝူဟန်ဗိုင်းရပ်စ်သံသယရှိလူနာဟာ ဒီနေ့ ဖေဖော် ဝါရီ ၁ ရက်မနက်ပိုင်းမှာ အခြေအနေတည်ငြိမ်နေကြောင်းနဲ့ တရုတ်နိုင်ငံမှ လေကြောင်းကနေ လာရောက်သူများအား ဆိုက် ရောက်ဗီဇာ ထုတ်ပေးမှုကိုလည်း ခေတ္တဆိုင်းငံ့ထားရန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းတိုင်ပင်ထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။