၂၀၁၅ ခုနှစ်က တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ရှောင်တိမ်းခဲ့ရပြီး လက်ရှိထိ နေရပ်မပြန်ရသေးသည့် ဒေါနတောင်ခြေမှ စစ် ဘေးရှောင်များနှင့် ကရင်ပြည်နယ်မှ လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲပြုလုပ်
၂၀၁၅ ခုနှစ်က တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ရှောင်တိမ်းခဲ့ရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်ရသေးတဲ့ ဒေါနတောင်ခြေမှ စစ် ဘေးရှောင်များနှင့် ကရင်ပြည်နယ်မှ လက်နက်ကိုင်အဖွဲ့များဟာ ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးနှင့် ပြန်လည် သင့်မြတ်ရေး ခေါင်းစဉ်နဲ့ဆွေးနွေးပွဲတစ်ခုကို ဇန်နဝါရီလ ၂၉ ရက်နေ့ကကျင်းပ ပြုလုပ်ခဲ့ပါတယ်။