Health Declaration Form ကိုဖြည့်စွက်ထားမှသာ ပြည်တွင်း သို့ဝင်ရောက်ခွင့်ပြုရန် ဒေါက်တာမြင့်ထွေးပြောကြား
တရုတ်နိုင်ငံ၊ဝူဟန်မြို့ကနေစတင်ဖြစ်ပွားခဲ့တဲ့ 2019 Novel Coronavirus (2019-nCoV) အဆုတ်ရောင်ရောဂါကြောင့် ပြည်ပကနေ လေကြောင်းခရီးဖြင့်လာရောက်တဲ့ ခရီးသည်များအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Health Declaration Formကို ပြည့်စုံစွာဖြည့်စွက်ထားမှသာ ပြည်တွင်းသို့ဝင်ရောက်ခွင့်ပြုဖို့ ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကပြောပါတယ်။