ဝူဟန်မြို့တွင် ဖြစ်ပွားနေသည့် Coronavirus ကြောင့် ဇန်နဝါရီလ ၂၄ ရက် ညပိုင်းတွင် မန္တလေးလေဆိပ်သို့ ဆိုက်ရောက်မည့် ဝူဟန်-မန္တလေး ခရီးစဉ်အား ဖျက်သိမ်းခဲ့
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ Novel Coronavirus ကြောင့် ဇန်နဝါရီလ ၂၄ ရက် ညပိုင်းမှာ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့မယ့် ဝူဟန်-မန္တလေး လေကြောင်းခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး အခြားတရုတ်လေကြောင်း ခရီးစဉ်တွေကိုတော့ ပုံမှန်အတိုင်း ဆင်းသက်ခွင့်ပြုခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။