ရန်ကုန်ဆေးရုံကြီးသို့ Novel Coronavirus လူနာတစ်ဦးရောက်ရှိလာခြင်းမဟုတ်ဘဲ သာမန်ရောဂါလူနာ သာဖြစ်၍ စိုးရိမ်စရာမရှိဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူပြော
ရန်ကုန်ဆေးရုံကြီးသို့ Novel Coronavirus ကြောင့် လူနာ တစ်ဦးရောက်ရှိလာတာမဟုတ်ဘဲ သာမန်ရောဂါလူနာ ရောက်လာတာဖြစ်လို့ စိုးရိမ်စရာမရှိဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။