မန္တလေးရတနာပုံဈေးဆိုင်ခန်းများနှင့် ဒိုင်းမွန်းအိုးရှန်စင်တာအား ဇန်နဝါရီ ၂၅ ရက်တွင်ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ရောင်းချမည်
ဇန်နဝါရီ ၁၇ ညပိုင်းက မီးလောင်မှုဖြစ်ပေါ်ခဲ့တဲ့ ရတနာပုံစူပါစင်တာမှာ ထိခိုက်ပျက်စီးမှုမရှိသည့် မြေညီထပ်နှင့် မြေအောက်ခန်းအပါအဝင် ကပ်လျက်ရှိ ဒိုင်းမွန်းအိုးရှင်း စင်တာတို့အား လာမည့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှသိရပါတယ်။
[Zawgyi]