အစ္စဏီအပေါ် မြို့နယ်တရားရုံးမှ ချမှတ်ခဲ့သည့် ပြစ်ဒဏ်ကို လက်မခံသဖြင့် ခရိုင်တရားရုံးသို့ ရက်ပိုင်းအတွင်းအယူခံတက်မည်ဟု ရှေ့နေဖြစ်သူ ပြောကြား
■ အဆိုတော်အစ္စဏီကို ပြစ်ဒဏ်ချမှတ်ခဲ့မှုနဲ ပတ်သက်ပြီး ခရိုင်တရားရုံးထံကို မကြာမီရက်ပိုင်းအတွင်း အယူခံတက်မှာဖြစ်ပြီး ပြစ်ဒဏ်လျော့ပေါ့ဖို့ တက်တာမဟုတ်ဘဲ တာမွေမြို့နယ်တရားရုံးရဲ့ အမိန့်ကို လုံးလုံးလျားလျားလက်မခံလို့ အယူခံတက်တာ ဖြစ်တယ်လို့ အစ္စဏီရဲ့ ရှေ့နေဖြစ်သူ တရားလွှတ်တော် ဦးကျော်ဇင်ဦးက ပြောပါတယ်။