အသုံးစရိတ်ထက်ပိုမိုသည့်ဝင်ငွေများအတွက် YRTA က ဝင်ငွေခွန်ပေးဆောင်ထားခြင်းမရှိဟုရန်ကုန်တိုင်းစာရင်းစစ်ချုပ် ဆို
အသုံးစရိတ်ထက် ပိုမိုတဲ့ ဝင်ငွေကိုရရှိပေမယ့် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) အနေနဲ့ ဝင်ငွေခွန်တော့ ပေးဆောင်ထားမှုမရှိဘူးလို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ကလွှတ်တော်မှာတင်ပြခဲ့ပါတယ်။