အခြေခံပညာကျောင်းများ ပညာသင်ကာလတိုးမြှင့်မှု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် ပြင်းပြင်းထန်ထန် ကန့်ကွက်
အခြေခံပညာကျောင်းများရဲ့ ပညာသင်ကာလတိုးမြှင့်မှုအပေါ် ပြင်ဆင်ခြင်းမပြုပါက အစိုးရရဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရုံတာဝန်ကဲ့သို့ အပိုတာဝန်များကို ဥပဒေနဲ့အညီ ငြင်းပယ်ခြင်းဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်က ဇန်နဝါရီ ၅ ရက်က ကြေညာချက်တစ်ရပ်ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
{Zawgyi}