ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကဏ္ဍမှာ ရိုက်ခတ်မှုကြီးမားခဲ့ပြီး ပြည်သူတွေအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့ ဖြစ်စဉ် အများအပြားဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီထဲကမှ အထင်ရှားဆုံးဖြစ်စဉ်အဖြစ် ICJ နဲ့ အာဂျင်တီးနားမှာ မြန်မာနိုင်ငံနဲ့ နိုင်ငံ့ခေါင်းဆောင်ပိုင်းတွေ တရားစွဲဆို အမှုဖွင့်ခံထားရမှုဖြစ်စဉ်က ပြည်သူတွေအကြား ရိုက်ခတ်မှုအကြီးမားဆုံးဖြစ်ခဲ့လို့ ၂၀၁၉ ခုနှစ်ရဲ့ အထင်ရှားဆုံးဖြစ်ရပ်တစ်ခုအဖြစ် ရွေးချယ်ခဲ့ပြီး အခြားဖြစ်စဉ်တွေအနေနဲ့တော့ လွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းမှုနှင့် ပွတ်တိုက်မှုများ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာများထံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သွားရောက်လှူဒါန်းမှုများ၊ မြို့ပေါ်များထိ တိုက်ပွဲဖော်ဆောင်မှုများ ရှိလာသည့် မြောက်ပိုင်းသုံးဖွဲ့၊ လွတ်လပ်ရေးနေ့ကစပြီး AA က လုံခြုံရေးရဲကင်းတွေကို ဝင်တိုက်ခဲ့မှုနဲ့အတူ ပြင်းထန်ခဲ့သည့် ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲများ ၊ ၀ နဲ့ မိုင်းလားတို့ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ ပြည့်ပွဲတွေနဲ့ ၀ ပြည်နယ် တောင်းဆိုမှု စတာတွေကို အပိုင်း နှစ်ပိုင်းခွဲပြီး ဖော်ပြပေးလိုက်ပါတယ်။