သထုံမြို့၏ ထင်ရှားသောပွဲတော်တစ်ခုဖြစ်သည့်ပေါ်တော်မူရွှေဆံတော်စေတီဗုဒ္ဓပူဇနိယပွဲတော်နှင့် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပခဲ့
■ သထုံမြို့ရဲ့ ထင်ရှားတဲ့ပွဲတော်တွေထဲမှ တစ်ခုအပါအဝင်ဖြစ်တဲ့ ပေါ်တော်မူကျေးရွာရှိပေါ်တော်မူရွှေဆံတော် စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ နှင့် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲတော်ကိုတန်ဆောင်မုန်းလပြည့်ကျော် (၁) ရက် (နိုဝင်ဘာလ (၁၂) ရက်) က ကျင်းပပြုလုပ်ခဲ့ပါတယ်။