အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA လက်နက်ကိုင်အဖွဲ့က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ထားခြင်းကို ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အရေးကြီးအဆိုတင်သွင်းမှု
■ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA လက်နက်ကိုင်အဖွဲ့က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ထားခြင်းဟာ နိုင်ငံတော်ကဆောင်ရွက်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင်အကြမ်းဖက်ခြင်းဖြစ်လို့ ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ကြောင်းအရေးကြီးအဆိုကို မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ဒီကနေ့ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။