ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာကြားတွင် တပ်မတော်နှင့် TNLA တို့တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ် များ ပိတ်မိနေ(ရုပ်သံ)

ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာကြားတွင် တပ်မတော်နှင့် TNLA တို့တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ် များ ပိတ်မိနေ(ရုပ်သံ)
Published 13 November 2019

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး- မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ် ကွတ်ခိုင်မြို့အဝင် လွယ်ဆမ်ဆစ်တောင်ကြော အနီးမှာ ဒီနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက် (၇)နာရီအချိန်ခန့်က ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာ နေတဲ့ ယာဉ်များအား TNLA လက်နက်ကိုင်များက ရပ်တန့်ခိုင်းတာကြောင့် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာ နေတဲ့ ယာဉ်များထွက်ခွာမရပဲ ရပ်တန့်စောင့်ဆိုင်းနေခဲ့ကြရတယ်လို့ သိရပါတယ်။