AAလက်နက်ကိုင်အဖွဲ့ ကမ်းလှမ်းမှုသည် ပြည်သူကိုထင်ယောင်ထင်မှားဖြစ်အောင်လုပ်ပြီးလှည့်စား ခြင်းသာဖြစ်တယ်လို့ တပ်မတော်သုံးသပ်
ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးထိန်းသိမ်းထားသူ ၁၆ ဦးနှင့် သုံ့ပန်းချင်းလဲလှယ်လိုကြောင်း AA အဖွဲ့ ရဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ချက်ဟာ ပြည်သူကို ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ပြီးလှည့်စားခြင်းသက်သက်သာဖြစ်တယ်လို့ တပ်မတော်က သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။