ရဲတပ်ဖွဲ့ဝင် ၃ဦးနဲ့ အရပ်သား ၁ဦးသေဆုံးခဲ့သည့် ကျုံဒိုး ရဲလှည့်ကင်းကား လက်ပစ်ဗုံးပြစ်ခတ်ခံရမှုဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူများကို အမြန်ဆုံးဖမ်းဆီးနိုင်ရေးဆောင်ရွက်နေ(ရုပ်သံ)
ကရင်ပြည်နယ် ကော့ကရိတ်မြို ့နယ် ကျုံဒိုးမြို့တွင် နိုဝင်ဘာလ ၁၁ရက် ည ၈ နာရီဝန်းကျင်အချိန်ခန့်က ရဲလှည့်ကင်းအား လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး အခြားရဲတပ်ဖွဲ့ဝင် ၄ဦးနဲ့ အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါကျူးလွန်ခဲ့သူတွေကို အမြန်ဆုံးဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ကနေသိရပါတယ်။