အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ဘာဘ်ဘယ် ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးကြီးနိုင်ပြီး ချင်းပြည်နယ်တွင် မြေပြိုမှု အန္တရာယ်သတိပြုရန်လို(ရုပ်သံ)
အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ်ဟာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်ကာ ချင်းပြည်နယ်အနေဖြင့် မြေပြိုမှုအန္တရာယ်သတိပြုဖို့ လိုတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။