ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်းကို ထာဝရတားဝရမ်းထုတ်ပြီး ရပ်ဆိုင်းပေးရန်လျှောက်ထားမှု မြစ်ကြီးနားခရိုင်တရားရုံး ပယ်ချ
မြစ်ဆုံစီမံကိန်းရပ်ပေးဖို့ ထာဝရတားဝရမ်းလျှောက်ထားမှုကို မြစ်ကြီးနားခရိုင်တရားရုံးက တရားမကြီးအမှုအမှတ် ၁၄၄/ ၂၀၁၉ ဖြင့် လက်ခံခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၈ ရက်နေ့မှာတော့ အဆိုလွှာကို ပယ်ချတဲ့ အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေ ကိုယ်စား ဦးတိုက်လျှောက်ထားခဲ့တဲ့ရှေ့နေဖြစ်သူ ဦးဖိုးဖြူ(ခ)ဦးရန်နိုင်အောင်က ပြောပါတယ်။