မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းအဖွဲ့အစည်းများသို့ တရုတ်နိုင်ငံက စုစုပေါင်း အမေရိကန်ဒေါ်လာတစ်သန်း လှူဒါန်း
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းတွေအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက စုစုပေါင်း အမေရိကန်ဒေါ်လာ တစ်သန်းလှူဒါန်းခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC သို့ ငြိမ်းချမ်းရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃ သိန်း လှူဒါန်းမှုကိုတော့ နိုဝင်ဘာ ၈ ရက်က ရန်ကုန်မြို့ NRPC ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။