ဝန်ကြီးများရုံးမှ Spa လုပ်ငန်းပါဝင်သည့် De' Be'au ဆိုင်ကို လုပ်ဆောင်သည့်ကုမ္ပဏီဘက်မှ ပြန်လည်ပိတ်သိမ်းမည် (ရုပ်သံ)
သမိုင်းဝင် ဝန်ကြီးများရုံးအတွင်း လုပ်ဆောင်နေတဲ့ လုပ်ငန်း ၁၆ခုရှိပြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူများ ထောက်ပြ ဝေဖန်ခဲ့တဲ့ Spa လုပ်ငန်းပါဝင်တဲ့ De' Be'au ဆိုင်ကို ပိတ်သိမ်းမယ်လို့ လုပ်ငန်းလုပ်ဆောင်တဲ့ အနော်မာကုမ္ပဏီဘက်က ပြော ကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲ ဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။