အလုပ်သမားစေလွှတ်မှုနှင့်ပတ်သက်ပြီး ကုမ္ပဏီများထံမှ လာဘ်ငွေများယူခဲ့သည်ဆိုကာ ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိ ဦး စန်းမောင်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်(ရုပ်သံ)
အလုပ်ခေါ်စာများကို ခွင့်ပြုမိန့် အမြန်လက်မှတ်ရေးထိုးခြင်းနဲ့ အလုပ်သမားအမည်စာရင်းတင်သွင်းမှုများမှာ ကုမ္ပဏီများထံက လာဘ်ငွေရယူခဲ့တယ်လို့ဆိုကာ ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒီကနေ့ နိုဝင်ဘာ ၇ ရက်မှာ သတင်းထုတ်ပြန်ပါ တယ်။