ကျောက်မဲနှင့်သီပေါကြား ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် နွားတင်ယာဉ်တစ်စီး သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး - လားရှိုးပြည်ထောင်စုကားလမ်းမကြီးပေါ် ကျောက်မဲမြို့နှင့် သီပေါမြို့ကြား ချောင်းချောက်ကျေးရွာအနီးမှာ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် (၈)နာရီ (၁၅)မိနစ်အချိန်ခန့်က နွားများတင်ဆောင်ကာ လားရှိုး၊မူဆယ်ဘက်သို့ ဦးတည်မောင်းနှင်လာသည့် ယာဉ်အား သေနတ်သမားများက လာရောက်ပစ်ခတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူသေဆုံးခဲ့တယ်လို့သိရပါတယ်။
[Zawgyi]