ဆွာတမံကျိုးပေါက်ခဲ့စဉ်ကရေဘေးသင့်ခဲ့သည့် ပြည်သူများအား လူနေအိမ် ၁၇၅ လုံး လွှဲပြောင်းပေးအပ်ပွဲသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတက်ရောက်(ရုပ်သံ)
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ရှိ ဆွာတမံမှရေပိုလွှဲကျိုးပေါက်ပျက်စီးကာ ရေကြီးခြင်း ကြောင့် လူနေအိမ်များမျောပါဆုံးရှုံးခဲ့ရတဲ့ ရေဘေးသင့်ပြည်သူများထံသို့ လူနေအိမ် ၁၇၅ လုံးအား လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားအား အောက်တိုဘာ ၃၁ ရက်နံနက်ပိုင်းက ကျွန်းတောစုရွာသစ်ကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဒုတိယသမ္မတ ဦးဟင်နီရီဗန်ထီးယူ တက်ရောက်ခဲ့ပါတယ်။