AA အဖွဲ့ ဖမ်းဆီးခံရသူများအနက်မှ လွှတ်မြောက်လာသူတစ်ဦးကမိမိတို့အားလက်ပြန်ကြိုးတုပ်ကာသေနတ်ဖြင့်ပစ်ခတ်ပြီးရေထဲသို့ ပစ်ချခြင်းခံရဟုပြောကြားခဲ့ကြောင်းတပ်မတော် အတည်ပြု (ရုပ်သံ)
AA အဖွဲ့ကအောက်တိုဘာလ ၂၆ ရက်နေ့ကရွှေနဒီအမြန်ရေယာဉ်ပေါ်ကနေဖမ်းဆီးခေါ်ဆောင် သွားခံရတဲ့ သူတွေအထဲကတစ်ဦးထပ်မံလွှတ်မြောက်လာပြီဖြစ်ပြီးအဲဒီလွှတ်မြောက်လာသူရဲ့ ပြောကြားချက်အရ AA အဖွဲ့ဟာဖမ်းဆီးခံထားရသူတွေကိုလက်ပြန်ကြိုးတုပ်ပြီးသေနတ်နဲ့ ပစ်ခတ်ကာရေထဲကိုပစ်ချခဲ့တာ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ် ။