မြိုင်ကလေး ဘိလပ်မြေစက်ရုံအနီး ကျေးရွာများရှိ ရေတွင်းများတွင် ရေအရောင် မည်းလာမှုကြောင့် ဒေသခံများ စိုးရိမ်နေပြီး သောက်သုံးရေ ခက်ခဲနေ
ဘိလပ်မြေစက်ရုံမှာ ကျောက်မီးသွေး အသုံးပြုတဲ့အတွက် လူတိုင်းက သံသယရှိနေကြောင်း၊ မိုးတွင်းကာလကတော့ ရေများနေတဲ့အပြင် ရေလည်းစီးနေတဲ့အတွက် သိပ်မသိသာခဲ့ပေမယ့် လက်ရှိအချိန်မှာ ရေက နည်းလာတဲ့အတွက် ရေက အမည်းရောင်လို ပုံစံမျိုး ပေါ်လာတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။